ဝက်ခြံပျောက်ဆေးများအကြောင်း သိကောင်းစရာ
ဝက်ခြံပျောက်ဆေးများအကြောင်း သိကောင်းစရာ?
ဆဲလ်ဖီကင်မရာတွေ ၊ ဓာတ်ပုံ effects တွေ ဘယ်လောက်ကောင်းလာပြီပဲဆိုဆို လူဆိုတာ ပုံရိပ်ယောင်ကမ္ဘာထဲမှာပဲ နေရတာမှ မဟုတ်တာ။ ပြင်ပကမ္ဘာကြီးနဲ့ လူမှုအသိုင်းအဝိုင်းထဲမှာ အမြဲပြရမဲ့ မျက်နှာလေး မှာ အဖုအပိမ့်ကင်း ဝက်ခြံရှင်းပြီး လှပသန့်ပြန့်နေဖို့ လိုတာပေါ့။
ဝက်ခြံဖုတွေရဲ့ စိတ်ညစ်အောင်နဲ့ ကိုယ့်ကိုယ်ကိုယုံကြည်မှုကျအောင် လုပ်နိုင်စွမ်းကို လျှော့တွက်လို့မရပါဘူး။
ဒီတော့ ဝက်ခြံပျောက်ဆေးတွေအကြောင်းကို နည်းနည်းလေ့လာကြည့်ဖို့လိုပါလိမ့်မယ်။
?ဝက်ခြံဘာကြောင့်ဖြစ်လဲ ??
သိပ်အရေးကြီးပါတယ်။
ဒါသိမှ ဝက်ခြံပျောက်ဖို့နဲ့ မဖြစ်အောင်ကာကွယ်ဖို့ အဆင်ပြေမှာပါ။
မျက်နှာအရေပြားက သဘာဝအတိုင်းကြွေကျတဲ့ ဆဲလ်အသေတွေ၊ ချေးညှော်တွေ နဲ့ အရေပြားကထွက်တဲ့ အဆီတွေ ပေါင်းမိတဲ့အခါမှာ ချွေးပေါက်တွေကို သွားပိတ်စေပါတယ်။
အဲ့ဒီ့အခါ ဝက်ခြံဆိုတဲ့ အဖုလေးတွေဖြစ်လာပါတယ်။
ဒီ အဖုလေးတွေကို လက်နဲ့ကိုင်မိ ညှစ်မိရင်ဖြစ်စေ..ကိုယ်ခံအားနည်းရင်ဖြစ်စေ ဘက်တီးရီးယားပိုးတွေ ဝင်သွားတတ်ပါတယ်။ ဒီအခါမှာတော့ ပိုဆိုးတဲ့ ရောင်ကိုင်း နာကျင်နေတဲ့ ဝက်ခြံဖုတွေ ဖြစ်ပြီပေါ့။
ဝက်ခြံပျောက်ဆေးတွေကို လိမ်းဆေး၊ သောက်ဆေး နဲ့ ထိုးဆေး ရယ်လို့ အုပ်စုခွဲကြည့်ပါမယ်။
?လိမ်းဆေးများ
အသုံးအများဆုံးကုသနည်းဖြစ်ပါတယ်။ Gel ၊ Cream၊ Ointment စတဲ့ လိမ်းဆေးပုံစံမျိုးစုံဖြစ်နိုင်ပါတယ်။
လိမ်းဆေးတွေမှာတော့-
– ချွေးပေါက်ပွင့်ဖို့ Glycolic Acid
– ချွေးပေါက်ပွင့်ဖို့နဲ့အဆီပြန်တာလျော့စေဖို့ Retinoids
– ဘက်တီးရီးယားပိုးတွေသေစေဖို့ Benzoyl Peroxideနဲ့ တခြားပဋိဇီဝဆေးတွေ
– အရောင်ကျစေဖို့ Salicylic Acid နဲ့ Azelaic acid
စတာတွေ ပါဝင်တတ်ပါတယ်။
?သောက်ဆေးများ
တော်ရုံဝက်ခြံလောက်နဲ့တော့ ညွှန်လေ့မရှိပါဘူး။
ရောင်ကိုင်း၊နာကျင် ပိုးဝင်နေမှ သောက်ရတတ်ပါတယ်။
သောက်ဆေးတွေမှာ-
-ဘက်တီးရီးယားပိုးတွေသေစေဖို့ ပဋိဇီဝဆေး(ပိုးသတ်ဆေး)တွေ
– ကျားဟော်မုန်း အင်ဒရိုဂျင်မြင့်တက်ခြင်းကြောင့်ဖြစ်တဲ့ ဝက်ခြံတွေအတွက် Spironolactone နဲ့ ဟော်မုန်းဆေး(သန္ဓေတားဆေး)တွေ
– ချွေးပေါက်ပွင့်စေဖို့၊ အဆီပြန်တာ လျော့စေဖို့ Isoretinoin
စတာတွေ ပါဝင်တတ်ပါတယ်။
?ထိုးဆေးများ
မသုံးသလောက်ပါပဲ။
အရေးတကြီး အမြန်ပျောက်စေဖို့ Cortisoneထိုးတာကလွဲရင် ထိုးဆေးတွေ သုံးလေ့မရှိပါဘူး။
ဘေးထွက်ဆိုးကျိုးလည်းများပါတယ်။
ဘယ်လိုကုသနည်းပဲဖြစ်ဖြစ် ဆရာဝန်နဲ့ဆွေးနွေးတိုင်ပင်ပြီးမှ ကုသတာတော့ အကောင်းဆုံးဖြစ်ပါလိမ့်မယ်။
ဝက်ခြံကင်းစင် ပြုံးပျော်ရွှင် ဖြစ်ကြပါစေ..
ဝက်ခြံပျောက်ဆေး MIKADO Anti-ACNE GEL ကိုသုံးကြည့် ပါ တကယ်ကောင်းပါတယ်း ၁၀၀% အာမခံပါတယ် ဝက်ခြံပျောက်ဖို့ မပျောက်ရင် ၁၀၀ % ငွေ ပြန်အမ်းပါတယ် ။ ၀က်ခြံအသစ်ဆိုရင် နာရီပိုင်းနဲ့ပျောက်တယ် အသားကိုလဲ မချောက်စေပါဘူး ။ ၀က်ခြံ ဆား၀က်ခြံ များအပြင် ကြာဆူး မျက်နှာ ရင်ဘတ် ကျောကုန်း မှာရှိတဲ့၀က်ခြံတွေကို ပျောက်ကင်းနိုင်ပါတယ် နှာခေါင်းရှိကြာဆူးများအတွက်ဆိုရင်တော့ ဆပ်ပြာကိုသုံးကြည့်ပါ တစ်ခါသုံးရုံဖြင့် ပျောက်ကင်းနိုင်ပါသည် ချွေးပေါက်အတွင်းရှိ ဖုံ ပိုးမွား မှို အဆီအိပ်များကို သန့်ရှင်းပေးနိုင်သည့်အတွက် ကြာဆူးဖြစ်ချင်း ၀က်ခြံပေါက်ခြင်းကို ကာကွယ်ပေးပါသည် အကယ်၍ ကြောင်းကြောင်းကြောင့် ၀က်ခြံထွက်လာပါက Mikado ဆေးကိုသုံးခြင်းဖြင့် နာရီပိုင်အတွင်းပျောက်ကင်းနိုင်ပါသည်။
ကျွန်တော်တို့ အထူအစီအစဉ် အနေနဲ့ ယခုလအတွက် 40% - Discount နဲ့ရောင်းချပေးမှာပါ။ စျေးနှုန်း ၁၃၅၀၀ ကို ၄၀% လျှော့စျေးဖြင့် ၈၀၀၀ နဲ့ရောင်းချပေးနေပါသည် ။ အထူးအစီအစဥ်အနေနဲ့ ဆေး၀ယ်ရင် ၀က်ခြံပျောက် ဆေးဆပ်ပြာအလကားပေးနေပါပြီ ဆပ်ပြာသီးသန့်၀ယ်လိုပါက ပုံမှန်စျေး ၆၀၀၀ ကို ၅၀% လျှော့စျေးဖြင့် ၃၀၀၀ နဲ့ရောင်းချပေးနေပါသည် ။ ကဲ မြန်မြန်သာ၀ယ်ကြနော် ဆေးနဲ့ဆပ်ပြာ နှစ်ခုပေါင်းကို ၁၉၅၀၀ အစား ၈၀၀၀ ထဲနဲ့ရမှာ မပျောက်ရင် ၁၀၀% ငွေပြန်အမ်းတော့ ဘာမှဆုံးရှုံးစရာမရှိဘူး ။
ကတစ်ဆင့်ဝယ်ယူအားပေးနိုင်ပါတယ်။

Comments
Post a Comment